Free Call
+95 9 450043919

All posts by PlanetCreator

We are World Wide Myanmar! A progressive web solutions company based in Yangon, Myanmar. We develop brand identities & web applications, we create stunning websites and do web marketing for clients all over the world.

Domain သက်တမ်းတိုးခြင်း၊ သက်တမ်းကုန်ဆုံးခြင်း၊ ဖျက်သိမ်းခြင်း၊


ဒိုမိန်းတစ်ခု မှတ်ပုံတင်ထားရင် မှတ်ပုံတင်ထားတဲ့ ထားတဲ့ သက်တမ်း တစ်ခုကုန်ဆုံးပြီးတာနဲ့ ၄င်းတို့မှာ Expired သက်တမ်း၊ Redemption Grace သက်တမ်း၊ ဖျက်သိမ်းခြင်း ဆိုပြီးရှိပါတယ်။
ဥပမာ – အထက်ပါပုံမှာဖော်ပြထားတဲ့အတိုင်း
Expired သက်တမ်းက ရက် ၃၀ ဖြစ်ပြီး (မိမိတို့ registrant အပေါ်မှာမူတည်ပြီးကွဲပြားနိုင်)
Redemption Grace Period: ရက်ပေါင်း ၃၀
Pending Delete : ရက်ပေါင်း ၇ ရက်

Active – Domain Life Cycle
မိမိဝယ်ယူထားတဲ့ သက်တမ်းကာလအပြည့်ဖြစ်ပါတယ်။ ဥပမာ ၁-၁-၂၀၁၄ ကဝယ်ရင် ၁-၁-၂၀၁၅ အထိ တစ်နှစ်ပေါ့။ ၂ နှစ်ဝယ်ရင် ၂ နှစ်ရပြီး ၁၀ နှစ်အထိဝယ်ထားနိုင်ပါတယ်။ ဒီကာလအတွင်းမှာ မိမိရဲ့ domain contact information တွေကို စိတ်ကြိုက်ပြင်ဆင်နိုင်သလို၊ လွှဲပြောင်းနိုင်ပါတယ်။

Expired – Domain Life Cycle
ဝယ်ယူထားတဲ့ ကာလသက်တမ်း (Active – Domain Life Cycle) ကုန်ဆုံးတာနဲ့ Expired – Domain Life Cycle ထဲရောက်ပါပြီ။ ဒီအတွင်းရောက်တာနဲ့ ၄င်း Domain နဲ့ Email တွေသုံးလို့မရတော့သလို Domain သက်တမ်းကုန်ဆုံးပြီဆိုတဲ့ parked page တစ်ခုပေါ်နေမှာဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ ပုံမှန် Domain ရဲ့ သက်တမ်းနှုန်းအတိုင်း ပြန်လည်ဝယ်ယူနိုင်ပြီး အချိန်အားဖြင့် ရက် ၃၀ ကနေ ၄၅ ရက်ခန့် ကြာပါတယ်။ ဒိုမိန်းမှတ်ပုံတင်တဲ့ company အပေါ်မှာမူတည်ပါတယ်။ အခု World Wide Myanmar ကမှတ်ပုံတင်မယ်ဆိုရင် Expired – Domain Life Cycle ရက် ၃၀ ဖြစ်ပါတယ်။

Redemption – Domain Life Cycle
Expired – Domain Life Cycle သက်တမ်းကုန်ဆုံးတာနဲ့ Redemption – Domain Life Cycle ကိုရောက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် Domain သက်တမ်းကုန်ဆုံးလို့ ရက် ၃၀ ကျော်လာတာနဲ့ Redemption – Domain Life Cycle ကိုရောက်တယ်ပေါ့။ ဒီအတွင်းမှာ မှတ်ပုံပြန်တင်မယ်ဆိုရင် redemption ကြေးပေးရပါတယ်။ ဒေါ်လာ ၁၀ဝ ကနေ ဒေါ်လာ ၂၀ဝ ဝန်းကျင်ဖြစ်ပါတယ်။

Pending Deletion – Domain Life Cycle
Redemption – Domain Life Cycle ကျော်လွန်သွားရင်တော့ Pending Deletion အဖြစ် ရက်ပေါင်း ၇ ရက်ခန့်ယူပါတယ်။ ဒီအချိန်မှာတော့ Domain ကိုဖြုတ်ဖို့ကာလဖြစ်တဲ့အတွက် ဘယ်သူမှ မှတ်ပုံပြန်တင်လို့မရသလို  redemption ကနေ ယူလို့မရပါ။ ဒီကာလပြီးမြောက်ရင်တော့ Domain အသစ် တစ်ခုအနေနဲ့ ပြန်လည်မှတ်ပုံတင်နိုင်ပါတယ်။

အသေးစိတ်အချက်အလက်သိချင်တယ်ဆိုရင် World Wide Myanmar (WWM) Co., Ltd. ဖုန်း ဝ၉၄၅၀ဝ၄၃၉၁၉ သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Account Temporary Suspend သို့မဟုတ် ယာယီပိတ်ထားခြင်း

Account Temporary Suspend

Account Temporary Suspend

Shared ဖြစ်စေ VPS/Dedicated တွေမှာ Web hosting provider ရဲ့ Terms and Condition နဲ့ မကိုက်ညီတဲ့ Servers/Account တွေကို ယာယီ Suspend လုပ်တတ်ပါတယ်။ VPS/Dedicated တွေမှာ အများဆုံးကြုံရတဲ့ အကြောင်းအရာကတော့ SPAM Mail တွေပို့လွတ်ခြင်းနဲ့ Illegal Software /Contents တွေအသုံးပြုခြင်းဖြစ်ပါတယ်။
Shared Hosting တွေမှာ အများဆုံးကြုံတွေ့ရတဲ့ အကြောင်းအရာကတော့ SPAM Mail/Illegal Software or Contents အပြင် Shared Hosting မှာပေးထားတဲ့ CPU/RAM Usage ကို ကျော်လွန်အသုံးပြုခြင်းပဲဖြစ်ပါတယ်။

CPU Usage

Unlimited Web Hosting ဆိုတာ Shared Hosting တွေမှာပေးထားတာ ဖြစ်ပေမယ့် သူတို့မှာ CPU/RAM Usage က ၁၀% ကနေ ၂၀% အထိသာ ပေးထားတဲ့ Terms and Condtions တွေရှိပါတယ်။ ဆိုလိုတာက Server တစ်ခုမှာ Site ပေါင်း ထောင်နဲ့ ချီပြီး တင်ထားနိုင်ပါတယ်။ အကယ်၍ Site တစ်ခုက သတ်မှတ်ထားတဲ့ Resource ထက်ကျော်လွန်အသုံးပြုနေမယ်ဆိုရင် အခြား site တွေပါ လေးလံသွားတာတွေဖြစ်နိုင်သလို နောက်ဆုံး Server တစ်ခုလုံး ဝန်ပိပြီး down သွားတဲ့အထိ ဖြစ်နိုင်တဲ့အတွက် CPU/RAM usage တွေကို သတ်မှတ်ချက်ထက် ကျော်လွန်အသုံးပြုခွင့်မပေးပါဘူး။ Web Hosting Provider တွေအနေနဲ့လည်း မိမိရဲ့ Customer တိုင်းကို အကောင်းဆုံး Service ပေးဆောင်ချင်တာဖြစ်တဲ့အတွက် CPU/RAM Usage ကျော်လွန်လာတဲ့ Site တွေကို အချိန်နဲ့ တစ်ပြေညီ Suspend လုပ်ခြင်းဖြင့် အကောင်းဆုံး Service ကို ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။

အခမဲ့ ရနိုင်သော Web Hosting Control Panel (Linux Base) များ

Zpanel - WWM
Zpanel – WWM

Web Hosting လုပ်ငန်းငယ် တစ်ခုကို လုပ်ကိုင်တာပဲ ဖြစ်စေ၊ ကိုယ်ပိုင် VPS / Dedicated တွေအတွက် Web Site တစ်ခုကိုယ် အလွယ်တကူ ထိန်းသိမ်းနိုင်ရန်အတွက် Web Hosting Control Panel တစ်ခုတော့ လိုအပ်ပါတယ်။ ဒီအတွက် cPanel / Plesk တွေလို Commercial တွေအနေနဲ့ဆိုရင် တစ်လကို ဒေါ်လာ ၂၀ ဝန်းကျင်ကုန်ကျနေပါလိမ့်မယ်။ တစ်နှစ်ဆိုရင် မြန်မာငွေ ၂သိန်း ကျော်လောက် ဖြစ်တဲ့အတွက် ကိုယ်ပိုင် VPS လေးတွေနဲ့ Site အနည်းငယ်လောက်ဆိုရင် Open-Source တွေကို လိုက်ရှာပြီး အသုံးပြုနိုင်ပါတယ်။

1. ISPConfig: One of the most popular hosting panels for Linux. Has the most features and great community support. Runs on most major Linux distributions, including: Debian, Ubuntu, CentOS, Fedora, and OpenSuSE.

2. Kloxo : A fully featured project that is actively maintained. It’s noted for it’s sleek interface. Only runs on CentOS or RHEL.

3. OpenPanel : An actively maintained project for Linux, packed full of features. Has a great looking and easy to navigate interface. Also has a CLI, which can do most things the web interface can.

4. ZPanel : A maintained project with plenty of features. The only one in this list that is designed for Linux and Windows.

5. GNUPanel : An active project with many features. Even though the name implies it is a member of the GNU Project, it currently is not. However, that is one of the goals of GNUPanel. To help them achieve this goal, please visit their homepage and contribute with a donation.

6. EHCP : Easy Hosting Control Panel is also an actively maintained project. It runs on Debian or Debian based distros (such as Ubuntu).

7. GPLHost DTC : A well featured project that has some interesting features. The interface could use some design updates.

 

World Wide Myanmar မှ – VPS များကို အသုံးပြုမယ်ဆိုရင် မိမိလိုချင်တဲ့ Control Panel ကိုအခမဲ့ထည့်သွင်းပေးပါတယ်။

VPS Hosting

 

 

WWM ၏ Virtual Private Servers (VPS)

Virtual Private Servers (VPS) ဆိုတာကတော့  Computer Server တစ်လုံးအပေါ်မှာ Server လေးတွေထပ်ခွဲထားတဲ့သဘောပါပဲ။ Virtualisation လုပ်ထားတာပေါ့။ မတူညီတဲ့ Software – ကိုယ်ပိုင် Operating System တွေ၊ Application တွေနဲ့ RAM / Disk Space တွေကို သီးခြားကိုယ်စီနဲ့ပါ။ မိမိနှစ်သက်တဲ့ OS/Application တွေကို စိတ်ကြိုက် Install/Uninstall လုပ်သုံးနိုင်ပါတယ်။ Server ကြီးတစ်လုံးသီးသန့် ဝယ်ယူသုံးစရာမလိုပဲ ၄င်း Server ကို Full Root Access လုပ်နိုင်ပါတယ်။ Restart လုပ်ခြင်း၊ Shutdown လုပ်ခြင်းများကိုလည်း အလွယ်တကူပြုလုပ်နိုင်ပါတယ်။

Root Access ရရှိခြင်းကြောင့် မိမိတို့ကိုယ်တိုင် Manage လုပ်နိုင်ခြင်း
Unlimited Domain Hosting မိမိတို့၏ ကိုယ်ပိုင် သီးသန့် Site များကို အသုံးပြုထည့်သွင်းနိုင်ခြင်း
Web-Based Control Panel အလွယ်တကူ restart/shutdown ပြုလုပ်နိုင်သကဲသလို့၊ Software များကို Auto Install လုပ်နိုင်ခြင်း

ဘယ်လိုသူတွေ VPS ကိုသုံးသင့်သလဲ။

VPS ကို e-Commerce Site တွေအတွက် မဖြစ်မနေသုံးသင့်ပါတယ်။ မိမိရဲ့ site တစ်ခုတည်းအသုံးပြုနိုင်သလို Data / Privacy လုံခြုံမူအတွက်အကောင်းဆုံးပါပဲ။ ကိုယ်ပိုင် Application တွေစမ်းသပ် သုံးစွဲချင်သူများ Shared Hosting ထပ်ပို၍ Data/Resource ပိုသုံးသူများအတွက် အထူးသင့်လျော်ပါတယ်။

 

 

WWM Cached SSD
WWM Cached SSD

WWM VPS
World Wide Myanmar ၏ VPS များအား 120 GB SSD Cache ကိုအသုံးပြုထားတဲ့အတွက်သာမာန်ထက် ၅ ဆလောက် ပိုပြီး မြန်ပါတယ်။ ထို့အတူ Hardware Input/Output မြန်ဆန်မူနဲ့ အမှားခံနိုင်မူအတွက် RAID-10 with BBU (Batery Backup Unit) နှင့် 1 Gbps Uplink  ကိုအသုံးပြုထားပါတယ်။

Flashcache ဆိုတာကတော့ Facebook ကနေ April 2010 က တီထွင်ခဲ့ပြီး ၂၀၁၁ လောက်မှာ Opensource တစ်ခုအဖြစ်ထုတ်ဝေ လိုက်တာပါပဲ – သူ့ရဲ့ အဓိကလုပ်ဆောင်မူကတော့  I/O Speed ပိုမြန်အောင်ပေါ့။

RAID (Redundant Array of Inexpensive Disks)
RAID မှာတော့ (0,1,2,3,4,5,6,…. ) စသည်ဖြစ် အများကြီးရှိပါတယ်။ အရိုးရှင်းဆုံးပြောရရင်

WWM - Raid0
WWM – Raid0

RAID 0 (Data Striping) ဆိုတာ DATA တွေကို မျှသိမ်းတာ ဒါကြောင့် Data တစ်ခုကို Hard Disk နှစ်လုံးရှိရင် တစ်လုံးစီမှာ တစ်ဝက်ဆီခွဲသိမ်းတော့ တစ်လုံးတည်းမှာ စုပြီးသိမ်းတာထက် ပိုမြန်ပါတယ်။

WWM - Raid1
WWM – Raid1

RAID 1 (Mirroring) ကတော့ Mirror လို့ခေါ်ပါတယ်။ Hard Disk တစ်လုံးတည်းမှာပဲ သိမ်းတယ်။ သိမ်းထားတဲ့ Hard Disk ကိုနောက်တစ်လုံးမှာ Copy (Clone) ပွားထားပြီး Data Backup အတွက် ပိုပြီးစိတ်ချရပါတယ်။ Hard Disk တစ်လုံး ပျက်စီးသွားရင် မိမိရဲ့ Data တွေက နောက်ထပ် Hard Disk မှာ ရှိနေတဲ့အတွက် Data တွေဆုံးရှုံးမှာ ပူစရာမလိုပါဘူး။

WWM - Raid10
WWM – Raid10

RAID 1+0 ဆိုတာကတော့ RAID10 လို့လည်း ခေါ်ကြပါတယ်။ stripe of mirrors ပေါ့။ Hard Disk အနည်းဆုံး ၄ လုံးလိုပါတယ်။ ၂ လုံး ကို RAID 0 လို မျှသိမ်းမယ်။ ၄င်း ၂ လုံးကို RAID 1 လို copy ကူးထားမယ်ပေါ့။ ဒါကြောင့် Hard Disk ရဲ့ Data Read/Write မြန်ဆန်သလို Data ပျက်စီးမှာလည်း စိတ်ပူစရာမလိုတော့ပါဘူး။ Hard Disk ပျက်သွားရင် အလွယ်တကူ ပြန်ပြီးတော့ Recovery လုပ်ယူနိုင်ပါတယ်။

 

WWM Server - Alerta.com
WWM Server – Alerta.com

WWM ရဲ့ Server အား Alerta.com ရဲ့ Web Speed Testing လုပ်ကြည့်တာဖြစ်ပါတယ်။

 

System's performance - UnixBench
System’s performance – UnixBench

WWM VPS Server ရဲ့ System’s performance ကို UnixBench ဖြင့်စစ်ထားတာဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်များကို https://www.worldwidemyanmar.com/vps-hosting ဖြစ်စေ ဖုန်း ဝ၉၄၅၀ဝ၄၃၉၁၉ သို့ဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

 

 

 

လေးစားရပါသော WWM Customer များသို့

WWM - Upgrading SSD Flashcache with RAID-10 with BBU
WWM – Upgrading SSD Flashcache with RAID-10 with BBU

လေးစားရပါသော WWM Customer များသို့

လာမည့် September, 4th 2014 at 9:00PM ခန့်တွင် World Wide Myanmar ၏ Server တစ်လုံးအား Hardware Upgrade လုပ်မည်ဖြစ်ပါသည်။ WWM Customer များ၏ Website များ ကျသွားခြင်းမရှိနိုင်ပါ။ သို့သော် အကယ်၍ လူကြီးမင်းတို့၏ Site များ Server Maintenance ပြီးတဲ့အချိန်အထိ ဖွင့်မရခဲ့ပါက [email protected] ဖြစ်စေ ဖုန်း +95 9450043919 သို့ဆက်သွယ်နိုင်ပါသည်။ Hardware အဆင့်မြှင့်တင်ခြင်း နှင့် Server Migrate လုပ်တာ ဖြစ်ပါတယ်။
သုံးစွဲသူတို့အဆင်ပြေ မြန်ဆန်ပြီး Data များ ပျက်စီးဆုံးရှုံးခြင်းမှ ကင်းဝေးစေရန် Server အား Solid State Disk (SSD) Flashcache , RAID-10 with BBU တို့ဖြင့် ထပ်မံအားဖြည့်ထားပါသည်။

 

Due to an ongoing issue with the server your shared hosting is hosted on, we will need to perform an emergency maintenance on the server. The maintenance will take place on September, 4th 2014 at 9:00PM. The maintenance take roughly 30 minutes to complete.

Date & Time:  September, 4th 2014 GMT : 9:00PM
Reason: Hardware Replacement and Migration
Action required by Customer: None.
Additional Details: Upgrading SSD Flashcache with RAID-10 with BBU

Please get back to us if you need any further assistance and let us know how else we can help.
Thank you and have a great day
World Wide Myanmar