Free Call
+95 9 450043919

Account Temporary Suspend သို့မဟုတ် ယာယီပိတ်ထားခြင်း

Account Temporary Suspend သို့မဟုတ် ယာယီပိတ်ထားခြင်း

Account Temporary Suspend

Account Temporary Suspend

Shared ဖြစ်စေ VPS/Dedicated တွေမှာ Web hosting provider ရဲ့ Terms and Condition နဲ့ မကိုက်ညီတဲ့ Servers/Account တွေကို ယာယီ Suspend လုပ်တတ်ပါတယ်။ VPS/Dedicated တွေမှာ အများဆုံးကြုံရတဲ့ အကြောင်းအရာကတော့ SPAM Mail တွေပို့လွတ်ခြင်းနဲ့ Illegal Software /Contents တွေအသုံးပြုခြင်းဖြစ်ပါတယ်။
Shared Hosting တွေမှာ အများဆုံးကြုံတွေ့ရတဲ့ အကြောင်းအရာကတော့ SPAM Mail/Illegal Software or Contents အပြင် Shared Hosting မှာပေးထားတဲ့ CPU/RAM Usage ကို ကျော်လွန်အသုံးပြုခြင်းပဲဖြစ်ပါတယ်။

CPU Usage

Unlimited Web Hosting ဆိုတာ Shared Hosting တွေမှာပေးထားတာ ဖြစ်ပေမယ့် သူတို့မှာ CPU/RAM Usage က ၁၀% ကနေ ၂၀% အထိသာ ပေးထားတဲ့ Terms and Condtions တွေရှိပါတယ်။ ဆိုလိုတာက Server တစ်ခုမှာ Site ပေါင်း ထောင်နဲ့ ချီပြီး တင်ထားနိုင်ပါတယ်။ အကယ်၍ Site တစ်ခုက သတ်မှတ်ထားတဲ့ Resource ထက်ကျော်လွန်အသုံးပြုနေမယ်ဆိုရင် အခြား site တွေပါ လေးလံသွားတာတွေဖြစ်နိုင်သလို နောက်ဆုံး Server တစ်ခုလုံး ဝန်ပိပြီး down သွားတဲ့အထိ ဖြစ်နိုင်တဲ့အတွက် CPU/RAM usage တွေကို သတ်မှတ်ချက်ထက် ကျော်လွန်အသုံးပြုခွင့်မပေးပါဘူး။ Web Hosting Provider တွေအနေနဲ့လည်း မိမိရဲ့ Customer တိုင်းကို အကောင်းဆုံး Service ပေးဆောင်ချင်တာဖြစ်တဲ့အတွက် CPU/RAM Usage ကျော်လွန်လာတဲ့ Site တွေကို အချိန်နဲ့ တစ်ပြေညီ Suspend လုပ်ခြင်းဖြင့် အကောင်းဆုံး Service ကို ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။