Free Call
+95 9 450043919

Zero-Tolerance spam policy

Zero-Tolerance spam policy

Spam Mail

Web Hosting မှာ တစ်ချို့က Email Marketing အဖြစ်အသုံးပြုကြတာတွေရှိသလို၊ တစ်ချို့ကြတော့လည်း Joomla, WordPress တို့လို CMS တွေအသုံးပြုပြီး Site ကို ဒီအတိုင်း ပြစ်ထားကြတဲ့ Client တွေလည်းရှိကြပါတယ်။

Plugin ယိုပေါက်ကနေ spam မေးလ်တွေပို့တာက CMS တွေမှာ အဖြစ်များပါတယ်။ ဒါကို website ကို ကိုင်တဲ့ Webmaster/Web Creator တွေအနေနဲ့ သတိထား စောင့်ကြည့်သင့်ပါတယ်။ အကူအညီလိုအပ်လျှင် မိမိ၀ယ်ယူထားတဲ့ Host နဲ့ ဆက်သွယ်အကူအညီယူနိုင်ပါတယ်။
ဒီအကြောင်းနဲ့ ပက်သက်ပြီး

Account Temporary Suspend သို့မဟုတ် ယာယီပိတ်ထားခြင်း

ဆိုပြီး ယခင်ကတည်းက ဖော်ပြဖူးပါတယ်။ ထို့အတူ Acceptable Use Policy ကိုလည်းသိထားရန်လိုအပ်ပါတယ်။ တစ်နာရီကို မေးလ်အစောင် ၂၀၀ ပို့လို့ရပါတယ်။ တစ်ရက်ကို မေးလ် ၂ ထောင်ကျော်ပေါ့။ သို့ပေမယ့် spam script တွေကနေ marketing အတွက်ပို့ရင် မိနစ်ပိုင်းအတွင်း ထောင် သောင်းချီပါတယ်။

 

WWM Hosting အနေနဲ့ Client အကောင့်ကနေ spam မေးလ်တွေပို့ပြီဆိုတာနဲ့ site ကိုယာယီပိတ်မှာဖြစ်ပါတယ်။ ထို့အတူ WWM မှ မေးလ်တစ်စောင်ရပါလိမ့်မယ်။ ၄င်းမေးလ်တွင် ပိတ်ရခြင်းအကြောင်းနဲ့ ယေဘုယျ spam file အချို့ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ထို့အတူ မိမိရဲ့ အသုံးပြုတဲ့ IP address ကို host company ဆီကို ပို့ပေးရပါလိမ့်မယ်။ ထို IP တစ်ခုတည်းကိုသာ ယာယီဖွင့်ပေးမှာဖြစ်ပြီး cPanel အတွင်း ၀င်ရောက်ကာ spam script များကို ရှင်းလင်းရမှာဖြစ်ပါတယ်။ spam ရှင်းလင်းပြီးမှသာ public ကိုပြန်လည် ဖွင့်ပေးမှာဖြစ်ပါတယ်။ အကူအညီလိုအပ်လို့ hosting ဘက်က လုပ်ဆောင်ပေးရမယ်ဆိုရင် inquiry(at)worldwidemyanmar.com သို့ဖြစ်စေ ဖုန်း +၉၅ ၉ ၇၈၁၈ ၇၉၀၅၀ – ကိုမင်းအောင် သို့ ဆက်သွယ်အကူအညီတောင်းယူနိုင်ပါတယ်။

 

Shared hosting မှာဆိုရင် account တစ်ခုရဲ့ IP black list ဖြစ်မှုဟာ ၄င်း IP ကိုအသုံးပြုတဲ့ အခြား အကောင့်တွေလည်း အကျိုးသက်ရောက်မှုရှိတဲ့အတွက် WWM Hosting အနေဖြင့် spam mail တွေ့တာနဲ့ ထိထိရောက်ရောက် ယာယီပိတ်သိမ်းသွားမှာကို client များအနေနဲ့ဖြင့် နားလည်နိုင်ပါလိမ့်မယ်။

 

Visual Private Server (VPS)

၉၉.၉၉၉% အဖြစ်နည်းပါတယ်။ အကယ်၍ သီးသန့်သုံးမယ်ဆိုရင် ဈေးနှုန်းသင့်တော်တဲ့ VPS များကို managed vps အဖြစ် ရောင်းချပေးနေပါတယ်။

Image Credit: th3matrex.com