Free Call
+95 9 450043919

WWM ၏ Virtual Private Servers (VPS)

WWM ၏ Virtual Private Servers (VPS)

Virtual Private Servers (VPS) ဆိုတာကတော့  Computer Server တစ်လုံးအပေါ်မှာ Server လေးတွေထပ်ခွဲထားတဲ့သဘောပါပဲ။ Virtualisation လုပ်ထားတာပေါ့။ မတူညီတဲ့ Software – ကိုယ်ပိုင် Operating System တွေ၊ Application တွေနဲ့ RAM / Disk Space တွေကို သီးခြားကိုယ်စီနဲ့ပါ။ မိမိနှစ်သက်တဲ့ OS/Application တွေကို စိတ်ကြိုက် Install/Uninstall လုပ်သုံးနိုင်ပါတယ်။ Server ကြီးတစ်လုံးသီးသန့် ဝယ်ယူသုံးစရာမလိုပဲ ၄င်း Server ကို Full Root Access လုပ်နိုင်ပါတယ်။ Restart လုပ်ခြင်း၊ Shutdown လုပ်ခြင်းများကိုလည်း အလွယ်တကူပြုလုပ်နိုင်ပါတယ်။

Root Access ရရှိခြင်းကြောင့် မိမိတို့ကိုယ်တိုင် Manage လုပ်နိုင်ခြင်း
Unlimited Domain Hosting မိမိတို့၏ ကိုယ်ပိုင် သီးသန့် Site များကို အသုံးပြုထည့်သွင်းနိုင်ခြင်း
Web-Based Control Panel အလွယ်တကူ restart/shutdown ပြုလုပ်နိုင်သကဲသလို့၊ Software များကို Auto Install လုပ်နိုင်ခြင်း

ဘယ်လိုသူတွေ VPS ကိုသုံးသင့်သလဲ။

VPS ကို e-Commerce Site တွေအတွက် မဖြစ်မနေသုံးသင့်ပါတယ်။ မိမိရဲ့ site တစ်ခုတည်းအသုံးပြုနိုင်သလို Data / Privacy လုံခြုံမူအတွက်အကောင်းဆုံးပါပဲ။ ကိုယ်ပိုင် Application တွေစမ်းသပ် သုံးစွဲချင်သူများ Shared Hosting ထပ်ပို၍ Data/Resource ပိုသုံးသူများအတွက် အထူးသင့်လျော်ပါတယ်။

 

 

WWM Cached SSD
WWM Cached SSD

WWM VPS
World Wide Myanmar ၏ VPS များအား 120 GB SSD Cache ကိုအသုံးပြုထားတဲ့အတွက်သာမာန်ထက် ၅ ဆလောက် ပိုပြီး မြန်ပါတယ်။ ထို့အတူ Hardware Input/Output မြန်ဆန်မူနဲ့ အမှားခံနိုင်မူအတွက် RAID-10 with BBU (Batery Backup Unit) နှင့် 1 Gbps Uplink  ကိုအသုံးပြုထားပါတယ်။

Flashcache ဆိုတာကတော့ Facebook ကနေ April 2010 က တီထွင်ခဲ့ပြီး ၂၀၁၁ လောက်မှာ Opensource တစ်ခုအဖြစ်ထုတ်ဝေ လိုက်တာပါပဲ – သူ့ရဲ့ အဓိကလုပ်ဆောင်မူကတော့  I/O Speed ပိုမြန်အောင်ပေါ့။

RAID (Redundant Array of Inexpensive Disks)
RAID မှာတော့ (0,1,2,3,4,5,6,…. ) စသည်ဖြစ် အများကြီးရှိပါတယ်။ အရိုးရှင်းဆုံးပြောရရင်

WWM - Raid0
WWM – Raid0

RAID 0 (Data Striping) ဆိုတာ DATA တွေကို မျှသိမ်းတာ ဒါကြောင့် Data တစ်ခုကို Hard Disk နှစ်လုံးရှိရင် တစ်လုံးစီမှာ တစ်ဝက်ဆီခွဲသိမ်းတော့ တစ်လုံးတည်းမှာ စုပြီးသိမ်းတာထက် ပိုမြန်ပါတယ်။

WWM - Raid1
WWM – Raid1

RAID 1 (Mirroring) ကတော့ Mirror လို့ခေါ်ပါတယ်။ Hard Disk တစ်လုံးတည်းမှာပဲ သိမ်းတယ်။ သိမ်းထားတဲ့ Hard Disk ကိုနောက်တစ်လုံးမှာ Copy (Clone) ပွားထားပြီး Data Backup အတွက် ပိုပြီးစိတ်ချရပါတယ်။ Hard Disk တစ်လုံး ပျက်စီးသွားရင် မိမိရဲ့ Data တွေက နောက်ထပ် Hard Disk မှာ ရှိနေတဲ့အတွက် Data တွေဆုံးရှုံးမှာ ပူစရာမလိုပါဘူး။

WWM - Raid10
WWM – Raid10

RAID 1+0 ဆိုတာကတော့ RAID10 လို့လည်း ခေါ်ကြပါတယ်။ stripe of mirrors ပေါ့။ Hard Disk အနည်းဆုံး ၄ လုံးလိုပါတယ်။ ၂ လုံး ကို RAID 0 လို မျှသိမ်းမယ်။ ၄င်း ၂ လုံးကို RAID 1 လို copy ကူးထားမယ်ပေါ့။ ဒါကြောင့် Hard Disk ရဲ့ Data Read/Write မြန်ဆန်သလို Data ပျက်စီးမှာလည်း စိတ်ပူစရာမလိုတော့ပါဘူး။ Hard Disk ပျက်သွားရင် အလွယ်တကူ ပြန်ပြီးတော့ Recovery လုပ်ယူနိုင်ပါတယ်။

 

WWM Server - Alerta.com
WWM Server – Alerta.com

WWM ရဲ့ Server အား Alerta.com ရဲ့ Web Speed Testing လုပ်ကြည့်တာဖြစ်ပါတယ်။

 

System's performance - UnixBench
System’s performance – UnixBench

WWM VPS Server ရဲ့ System’s performance ကို UnixBench ဖြင့်စစ်ထားတာဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်များကို https://www.worldwidemyanmar.com/vps-hosting ဖြစ်စေ ဖုန်း ဝ၉၄၅၀ဝ၄၃၉၁၉ သို့ဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။