Reseller Hosting စျေးနှုန်းများ ပြောင်းလဲခြင်း
မင်္ဂလာပါ။
Reseller Hosting စျေးနှုန်းများကို အောက်ဖော်ပြပါအတိုင်း စျေးနှုန်းပြောင်းလဲထားပါတယ်။
Effective 1st January 2024
Plan | Registration | Renewal |
Silver | 150 USD / per year | 150 USD / per year |
Gold | 300 USD / per year | 300 USD / per year |
Diamond | 600USD / per year | 600 USD / per year |
We thank you for your understanding.
Regards,
WWM Team
.com, .net and .org ဒိုမိန်း စျေးနှုန်းများ ပြောင်းလဲခြင်း
မင်္ဂလာပါ။
The registry of the TLDs စျေးနှုန်းအသစ်အရ .com, .net and .org ဒိုမိန်း စျေးနှုန်းများ ကိုအောက်ဖော်ပြပါအတိုင်း စျေးနှုန်းပြောင်းလဲထားပါတယ်။
Effective 12th August 2023
TLDs | Add | Renewal & Transfer-in |
.COM | 12.64 USD | 12.64 USD |
.NET | 15.2 USD | 15.2 USD |
.ORG | 15.3USD | 15.3 USD |
We thank you for your understanding.
Regards,
WWM Team
Cloud Server / VPS ပေါ်မှာ OpenVPN ကိုထည့်သွင်းအသုံးပြုပုံ
VPN ဆိုတာတော့ အခုနောက်ပိုင်းတော်တော်များများ သိထားကြပြီးဖြစ်ပါလိမ့်မယ်။ မိမိ (သို့မဟုတ်) အဖွဲ့အစည်း တစ်ခုနဲ့ တစ်ခုကြား လုံခြုံသောကွန်ယက် (Private Network ) တစ်ခုကို Virtual Connection နဲ့ လုံခြုံ စိတ်ချစွာ တည်ဆောက်ထားတာပဲ။ ပြောမယ်ဆိုရင်တော့ သူ့ရဲ့ အခြေခံအားသာချက်နဲံ လုပ်ဆောင်ပုံတွေကတော့ အများကြီးပဲ။ Read more
Zero-Tolerance spam policy
Web Hosting မှာ တစ်ချို့က Email Marketing အဖြစ်အသုံးပြုကြတာတွေရှိသလို၊ တစ်ချို့ကြတော့လည်း Joomla, WordPress တို့လို CMS တွေအသုံးပြုပြီး Site ကို ဒီအတိုင်း ပြစ်ထားကြတဲ့ Client တွေလည်းရှိကြပါတယ်။
Plugin ယိုပေါက်ကနေ spam မေးလ်တွေပို့တာက CMS တွေမှာ အဖြစ်များပါတယ်။ ဒါကို website ကို ကိုင်တဲ့ Webmaster/Web Creator တွေအနေနဲ့ သတိထား စောင့်ကြည့်သင့်ပါတယ်။ အကူအညီလိုအပ်လျှင် မိမိ၀ယ်ယူထားတဲ့ Host နဲ့ ဆက်သွယ်အကူအညီယူနိုင်ပါတယ်။ Read more
Webmail အား Google (Gmail) Mail Client Apps ဖြင့်အသုံးပြုခြင်း
တစ်ချို့ ဝန်ထမ်း ရာကျော်ရှိတဲ့သူတွေအတွက် ဝန်ထမ်းတစ်ယောက်ခြင်းစီကို Gsuite ဝယ်သုံးမယ်ဆိုရင် တစ်နှစ် သိန်းတစ်ရာကျော် ကုန်ကျသွားမှာဖြစ်ပါတယ်။ ဒီအတွက် မေးလ် Server သီးသန့် ဝယ်ပြီးသုံးကြတဲ့သူတွေရှိသလို၊ သာမာန် Shared Hosting, VPS Hosting တွေဝယ်ပြီးသုံးမယ်ဆိုရင်တော့ တစ်နှစ်ကို ၃ သိန်း ကျော်လောက်ပဲ ကျသင့်ပြီး းUnlimited Email Account အသုံးပြုလို့ ရပါလိမ့်မယ်။
ဒါပေမယ့် Gmail ကိုအသုံးများတဲ့သူတွေအတွက် Interface ပြောင်းသွားရင် သိပ်မသုံးတတ်ကြတဲ့ ဝန်ထမ်းတွေလည်းရှိကြပါတယ်။ ဒီနေရာမှာ Gmail (Web) or Gmail (Mobile Apps) ကနေ မိမိအသုံးပြုထားတဲ့ Webmail account ကိုချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
ဉပမာ ကိုယ်တွေက Mobile Phone နဲ့ နေ့စဉ် Webmail account ကို Mail အဝင်အထွက်စစ်ချင်တယ်ဆိုရင် Android Phone တွေမှာပါတဲ့ Gmail ဆိုတဲ့ apps ကနေ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ အသုံးပြုပုံ အဆင့်ဆင့်ကို ပုံနဲ့တကွပြထားပါတယ်။
Add Account လုပ်ရန် – ပထမဉီးစွာ မိမိဖုန်းအတွင်းက Gmail Apps ကိုဖွင့်ပြီး Account Setting ကိုသွားရမှာဖြစ်ပါတယ်
အောက်ပါအတိုင်း Set up email မှာ Other ဆိုတာကိုရွေးပါ
အီးမေးလ်လိပ်စာထည့်သွင်းပြီး နောက်တစ်ဆင့် Next ကိုနိုပ်ပါ
IMAP or POP3 ကိုရွေးလိုက်ပါ… နောက်တစ်ဆင့် Password ရိုက်ထည့်ရပါမယ်။ Password ရိုက်ထည့်ပြီးနောက်တစ်ဆင့်ကတော့ Incoming server settings and Outgoing server settings တွေပဲဖြစ်ပါတယ်.
ဒီနေရာမှာ Server လိပ်စာကိုမှန်ကန်အောင်ထည့်ပေးရပါမယ်… ပုံမှန်အားဖြင့် မိမိရဲ့ domain name က worldwidemyanmar.com ဆိုရင် mail.worldwidemyanmar.com ဆိုပြီး အဝင်အထွက် လိပ်စာ ၂ ခုစလုံးမှန်ကန်စွာ ထည့်သွင်းပေးရပါမယ်
Account Options ပေါ်လာပြီဆိုရင်တော့ မိမိထည့်သွင်းထားတဲ့ မေးလ်လိပ်စာ, Password, Incoming and Outgoing တို့မှန်ကန်ပြီးအသုံးပြုလို့ရပါပြီ။