Free Call
+95 9 450043919

Spam Folder ထဲမေးလ်တွေ မရောက်စေရန် Mail Relay Service

Spam Folder ထဲမေးလ်တွေ မရောက်စေရန် Mail Relay Service

စီးပွားရေးလုပ်ငန်းတော်တော်များများက မိမိတို့ လုပ်ငန်းအပေါ် မူတည် newsletters and marketing အီးမေလ်းအမြောက်အများပို့ကြပါတယ်။ တစ်ချို့ဆိုရင် Mobile Apps တွေကနေ Notification တွေပိုု့ကြတယ်။ Shared Hosting တွေမှာတော့ bulk emails ပို့ခွင့်မရှိပါဘူး။ ပို့ချင်တယ်ဆိုရင် SMTP Relay ဝန်ဆောင်မူပေးတဲ့ Company ဆီကနေ တစ်လကို အစောင်အရေအတွက် တစ်သိန်း ဆိုရင် တစ်သိန်းဝယ်ပြီးတော့ ပို့ရပါတယ်။

Email တစ်စောင် ပို့ဆောင်ပေးနိုင်ဖို့ Simple mail transfer protocol (SMTP) ကိုသုံးပါတယ်။ SMTP Relay ဝန်ဆောင်မူပေးတယ်ဆိုတာက မိမိ Mail Hosting ရဲ့မေလ်းတွေကို ကြားမှာ Mail Server တစ်ခုထားပြီးပို့တာပါပဲ။ ဘာနဲ့တူသလဲဆိုရင် ဗဟိုစာတိုက်ကြီးကနေ သင့်ဆီကို တိုက်ရိုက်ပို့တာမဟုတ်ပဲ ဒေသဆိုင်ရာ မြို့နယ် စာတိုက်ကနေ တစ်ဆင့်ပို့သလိုပါပဲ။ ဒီအတွက် ကောင်းကွက်တွေကတော့ ဗဟိုစာတိုက်ကြီးမှာ ဝန် Load သက်သာသွားတာပေါ့။ ဒေသဆိုင်ရာ မြို့နယ် စာတိုက်တွေအနေနဲ့ မြန်မြန်ဆန်ဆန် တိတိကျကျလုပ်ဆောင်နိုင်ပါတယ်။

 

Mail Relay သုံးခြင်းအားဖြင့် ကောင်းတဲ့ အချက်တွေကတော့

World Wide Myanmar : Relay Server
Quick Email Delivery –
တစ်ခါတစ်လေ Shared Hosting မှာ Mail တွေရှေ့နောက် တန်းစီနေရင် ၅ မိနစ်လောက် စောင့်ရတတ်ပါတယ်။ Mail Relay သုံးထားရင်တော့ ပိုပြီး မြန်ပါတယ်။

 

Mail Relay Realtime Monitoring : WWM

Mail တစ်ခုပို့လိုက်တာနဲ့ ပို့လိုက်တဲ့ဆီကို ရောက်တယ်မရောက်ဘူးဆိုတာ tracking လုပ်လို့သလို realtime monitoring ရတဲ့အတွက် တစ်ဖက်က Client ကို မေးလ်ရောက်မရောက် မေးစရာမလိုတော့ဘူး။ ရာနှုန်းပြည့်နီးပါး စိတ်ချရပါတယ်။

အထူးသဖြင့် သာမာန် Shared Hosting သုံးတဲ့သူတွေအတွက်ကတော့ မေးလ်ပို့လိုုက်တိုင်း Spam Folder ထဲမရောက်တော့ဘူးပေါ့။

World Wide Myanmar မှ Mail Relay ဝန်ဆောင်မူကို တစ်နှစ် မေးလ်အစောင်ရေ (၁၀ဝ၀ဝ) အောက်ဆိုရင် အခမဲ့သုံးနိုင်ပါတယ်။ အကယ်၍ တစ်လ လျှင် (၁၀ဝ၀) သုံးတဲ့သူတွေအတွက်ကတော့ WWM Mail Relay Service ကိုဝယ်ယူသုံးဆွဲနိုင်ပါတယ်။ Setup and Installation အခမဲ့လုပ်ပေးမှာဖြစ်ပါတယ်။

 

ဆက်သွယ်ရန်

+959450043919 ကိုဆက်သွယ်နိုင်ပါတယ်။