Free Call
+95 9 450043919

Domain သက်တမ်းတိုးခြင်း၊ သက်တမ်းကုန်ဆုံးခြင်း၊ ဖျက်သိမ်းခြင်း၊

Domain သက်တမ်းတိုးခြင်း၊ သက်တမ်းကုန်ဆုံးခြင်း၊ ဖျက်သိမ်းခြင်း၊


ဒိုမိန်းတစ်ခု မှတ်ပုံတင်ထားရင် မှတ်ပုံတင်ထားတဲ့ ထားတဲ့ သက်တမ်း တစ်ခုကုန်ဆုံးပြီးတာနဲ့ ၄င်းတို့မှာ Expired သက်တမ်း၊ Redemption Grace သက်တမ်း၊ ဖျက်သိမ်းခြင်း ဆိုပြီးရှိပါတယ်။
ဥပမာ – အထက်ပါပုံမှာဖော်ပြထားတဲ့အတိုင်း
Expired သက်တမ်းက ရက် ၃၀ ဖြစ်ပြီး (မိမိတို့ registrant အပေါ်မှာမူတည်ပြီးကွဲပြားနိုင်)
Redemption Grace Period: ရက်ပေါင်း ၃၀
Pending Delete : ရက်ပေါင်း ၇ ရက်

Active – Domain Life Cycle
မိမိဝယ်ယူထားတဲ့ သက်တမ်းကာလအပြည့်ဖြစ်ပါတယ်။ ဥပမာ ၁-၁-၂၀၁၄ ကဝယ်ရင် ၁-၁-၂၀၁၅ အထိ တစ်နှစ်ပေါ့။ ၂ နှစ်ဝယ်ရင် ၂ နှစ်ရပြီး ၁၀ နှစ်အထိဝယ်ထားနိုင်ပါတယ်။ ဒီကာလအတွင်းမှာ မိမိရဲ့ domain contact information တွေကို စိတ်ကြိုက်ပြင်ဆင်နိုင်သလို၊ လွှဲပြောင်းနိုင်ပါတယ်။

Expired – Domain Life Cycle
ဝယ်ယူထားတဲ့ ကာလသက်တမ်း (Active – Domain Life Cycle) ကုန်ဆုံးတာနဲ့ Expired – Domain Life Cycle ထဲရောက်ပါပြီ။ ဒီအတွင်းရောက်တာနဲ့ ၄င်း Domain နဲ့ Email တွေသုံးလို့မရတော့သလို Domain သက်တမ်းကုန်ဆုံးပြီဆိုတဲ့ parked page တစ်ခုပေါ်နေမှာဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ ပုံမှန် Domain ရဲ့ သက်တမ်းနှုန်းအတိုင်း ပြန်လည်ဝယ်ယူနိုင်ပြီး အချိန်အားဖြင့် ရက် ၃၀ ကနေ ၄၅ ရက်ခန့် ကြာပါတယ်။ ဒိုမိန်းမှတ်ပုံတင်တဲ့ company အပေါ်မှာမူတည်ပါတယ်။ အခု World Wide Myanmar ကမှတ်ပုံတင်မယ်ဆိုရင် Expired – Domain Life Cycle ရက် ၃၀ ဖြစ်ပါတယ်။

Redemption – Domain Life Cycle
Expired – Domain Life Cycle သက်တမ်းကုန်ဆုံးတာနဲ့ Redemption – Domain Life Cycle ကိုရောက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် Domain သက်တမ်းကုန်ဆုံးလို့ ရက် ၃၀ ကျော်လာတာနဲ့ Redemption – Domain Life Cycle ကိုရောက်တယ်ပေါ့။ ဒီအတွင်းမှာ မှတ်ပုံပြန်တင်မယ်ဆိုရင် redemption ကြေးပေးရပါတယ်။ ဒေါ်လာ ၁၀ဝ ကနေ ဒေါ်လာ ၂၀ဝ ဝန်းကျင်ဖြစ်ပါတယ်။

Pending Deletion – Domain Life Cycle
Redemption – Domain Life Cycle ကျော်လွန်သွားရင်တော့ Pending Deletion အဖြစ် ရက်ပေါင်း ၇ ရက်ခန့်ယူပါတယ်။ ဒီအချိန်မှာတော့ Domain ကိုဖြုတ်ဖို့ကာလဖြစ်တဲ့အတွက် ဘယ်သူမှ မှတ်ပုံပြန်တင်လို့မရသလို  redemption ကနေ ယူလို့မရပါ။ ဒီကာလပြီးမြောက်ရင်တော့ Domain အသစ် တစ်ခုအနေနဲ့ ပြန်လည်မှတ်ပုံတင်နိုင်ပါတယ်။

အသေးစိတ်အချက်အလက်သိချင်တယ်ဆိုရင် World Wide Myanmar (WWM) Co., Ltd. ဖုန်း ဝ၉၄၅၀ဝ၄၃၉၁၉ သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်။