Gzip compression ကိုအသုံးပြုခြင်း
Apache Server တွေမှာ အရင်က mod_gzip ဆိုပြီး နောက်ပိုင်းတော့ mod_deflate module အဖြစ် အစားထိုးလာခဲ့ပါပြီ။ Client က Request လုပ်လိုက်တဲ့ Data တွေကို Server ကနေ Compressed (zip ချုံ့) ပြီးပြန်ပို့တာပါ။ ကျွန်တော်တို့ File အရမ်းကြီးလွန်းရင် zip လုပ်ပြီး Portable Drive တွေထဲ ထည့်သယ်သွားသလိုပေါ့။ Read more
Config Server Firewall (or CSF) အကြောင်း သိကောင်းစရာ
Config Server Firewall (or CSF) ကတော့ Linux distributions နဲ့ Linux based VPS တွေအတွက် မရှိမဖြစ် အသုံးဝင်တဲ့ အခမဲ့ရနိုင်တဲ့ Tools တစ်ခုပါပဲ။ ConfigServer က ထုတ်တဲ့ Products တွေ အကုန်လုံး Web Server သမားတွေအတွက် တော်တော်လေး အသုံးဝင်ပါတယ်။
ConfigServer Security & Firewall (csf)
ConfigServer ModSecurity Control (cmc)
ConfigServer Explorer (cse)
ConfigServer Mail Queues (cmq)
ConfigServer Mail Manage (cmm)
ဒါလေးတွေ အကုန်လုံး အခမဲ့ပါ။ မိမိအနေနဲ့ Private Server တစ်လုံး ပိုင်ဆိုင်ထားပြီဆိုရင် ဒီ Tools လေးတွေ အကုန်လုံး ထည့်ထားသင့်ပါတယ်။ cPanel, DirectAdmin and Webmin တွေအတွက် UI integration ပါဝင်တဲ့အတွက် Manage လုပ်ရတာ တော်တော်လွယ်ကူပါတယ်။ Read more
Private Server (VPS) and Dedicated Server အတွက် CWP (for CentOS)
cPanel and Plesk တို့လို ပိုက်ဆံပေးရတဲ့ Web Control Panel မဟုတ်ပါဘူး။ အခမဲ့ ရနိုင်တဲ့ Control Panel တွေထဲမှာ စမ်းကြည့်ဖူးသမျှ အကောင်းဆုံးလို့ပြောလို့ရပါတယ်။ သူက cPanel နဲ့ ဆင်ပြီး Admin နဲ့ Client Panel တွေအတွက်ပါ ခွဲပေးထားပါတယ်။ Features တွေက များတော့ အသေးစိတ် မပြောတော့ပါဘူး။ အောက်ပါ လင့်မှာပဲ သွားကြည့်နိုင်ပါတယ်။ Read more
WWM Client တွေအတွက် Web App
WWM Client တွေအနေနဲ့ Client Panel ကို Access လုပ်တာဖြစ်စေ၊ Services များကို ဝယ်ယူရန် သို့မဟုတ် ဝယ်ထားပြီးသော Services များကို Manage လုပ်လို့အဆင်ပြေအောင် Web App လေးတစ်ခု ဖန်တီးထားပေးပါတယ်။
Content Delivery Network (CDN) ကိုအသုံးပြုခြင်း။

CDN ဆိုတာကတော့ အသုံးပြုသူ ရဲ့ တည်နေရာအပေါ်မှာ မူတည်ပြီး CDN node လို့ခေါ်တဲ့ Edge Servers တွေကနေ ပုံတွေ ဗီဒီယိုတွေ CSS/JS ဖိုင် စသည်တို့ကို အချိန်အတိုင်းအတာ တစ်ခုအတွင်း ယာယီ သိုလောင်ထား (Caching) ခြင်း, Optimize လုပ်ခြင်း စသည်တို့ပဲ ဖြစ်ပါတယ်။ ဥပမာ – မိမိဖွင့်ကြည့်တဲ့ Web Site Server က US, Buffalo Datacenter ကဆိုကြပါစို့၊ အသုံးပြုသူက မြန်မာပြည်ကဆိုရင် အနီးဆုံးဖြစ်တဲ့ Singapore ကနေဆွဲယူပါတယ်။ ဒါကြောင့် Website တစ်ခုကို ဖွင့်တဲ့အချိန်မှာ အချိန်တိုအတွင်း အလျှင်အမြန် ပေါ်လာစေပါတယ်။ Edge Server များများရှိရင် နေရာများများမှာ ဖြန့်ကျက်ထားသလို ဖြစ်တဲ့အတွက် ပိုကောင်းတာပေါ့။ Distributed data centers ပေါ့။ Read more