+95 9 7818 79050 Mobile App Quote Request
Free Call
+95 9 450043919

Private Server (VPS) and Dedicated Server အတွက် CWP (for CentOS)

Private Server (VPS) and Dedicated Server အတွက် CWP (for CentOS)

CWP for VPS
cPanel and Plesk တို့လို ပိုက်ဆံပေးရတဲ့ Web Control Panel မဟုတ်ပါဘူး။ အခမဲ့ ရနိုင်တဲ့ Control Panel တွေထဲမှာ စမ်းကြည့်ဖူးသမျှ အကောင်းဆုံးလို့ပြောလို့ရပါတယ်။ သူက cPanel နဲ့ ဆင်ပြီး Admin နဲ့ Client Panel တွေအတွက်ပါ ခွဲပေးထားပါတယ်။ Features တွေက များတော့ အသေးစိတ် မပြောတော့ပါဘူး။ အောက်ပါ လင့်မှာပဲ သွားကြည့်နိုင်ပါတယ်။ http://centos-webpanel.com/features

ဒီထဲမှာ ကျွန်တော်တို့ ကြိုက်တဲ့ Features  လေးတွေကို ကောက်နှုတ်ပေးသွားမှာပါ။

Webserver Selection လုပ်နိုင်ခြင်း
ရွေးချယ်ဖို့ (၄) မျိုး ပေးထားပါတယ်။ Default Webserver ကတော့ Apache ပေါ့။
Apache Only
Apache & Nginx Reverse Proxy (Nginx on port 80 and apache on port 8181)
Apache & Varnish Cache (Varnish on port 80 and apache on port 8181)
Apache & Varnish Cache & Nginx Reverse Proxy (Varnish on port 80, Nginx on port 82 and apache on port 8181)
Nginx နဲ့တွဲသုံးမယ်ဆိုရင်လျှင်လည်း Reverse Proxy အဖြစ်ထားနိုင်ပြီး Varnish Cache နဲ့လည်း တွဲထားနိုင်ပါတယ်။

Email အတွက်ဆိုရင်
Roundcube ဆိုတဲ့ Webmail client ပါဝင်လာတဲ့အတွက် web ကနေတိုက်ရိုက် သုံးနိုင်သလို အခြား outlook, thunderbird တို့လို client တွေနဲ့လည်း အလွယ်တကူ အသုံးပြုနိုင်ပါတယ်။

cPanel Migration
တော်တော်များများ cPanel ကိုအသုံးပြုကြတဲ့သူတွေအတွက် CentOS Web Panel ကို ပြောင်းမယ်ဆိုရင် ၄င်းအတွင်းမှာ cPanel Migration ပါဝင်ထားပြီးသား ဖြစ်တဲ့အတွက် အလွယ်တကူ migrate လုပ်နိုင်ပါတယ်။
Script Installers မှာ Sotaculous လို Thirdparty Auto Installer တွေထည့်သွင်း အသုံးပြုနိုင်ခြင်း

Security ပိုင်းဆိုင်ရမှာ Config Security Firewall ဆိုတဲ့ CSF တစ်ခါတည်းပါဝင်လာခြင်း, Mod Security ထည့်သွင်းထားခြင်း SSL Certificate တွေ အလွယ်တကူ ထည့်သွင်းပေးထားခြင်းဟာ အခမဲ့ရတဲ့ Control Panel တွေအတွက် အကောင်းဆုံးတစ်ခုဖြစ်သွားစေတာပါပဲ။

Features တစ်ခုခြင်းဆီကတော့ ပြောလို့ကုန်မှာမဟုတ်ပါဘူး။ ကိုယ်တိုင် install လုပ်ပြီး စမ်းကြည့်နိုင်ပါတယ်။

Installation ကလည်း ပုံမှန် ရိုးရိုးရှင်းရှင်းပါပဲ။

ပထမဆုံး မိမိရဲ့ Server ရဲ့ Hostname ကို စစ်ပါ။ မရှိရင် ထည့်ပါ။
hostname srv1.example.com ပေါ့

CWP အတွက် လိုအပ်တဲ့ package အချို့ကို သွင်းပါမယ်

နောက်တစ်ခါ server ကို update အရင်လုပ်ပါမယ်။

ပြီးရင် Reboot လုပ်ပါ

ပြီးရင် Reboot လုပ်ပါ

Configuration ကတော့ အထွေအထူးမရှိပါဘူး။ အရင်ဆုံး
root mail သတ်မှတ်မယ်
name server သတ်မှတ်ပါမယ်။ ns1.yourdomain.com and n2.yourdomain.com အတွက်ကို ip ထည့်ပေးရုံပါပဲ။

ဒါဆိုရင် သင့်အနေနဲ့ CWP ရဲ့ features တွေကို ကိုယ်တိုင် စမ်းသုံးလို့ရပါပြီ။