Free Call
+95 9 450043919

World Wide Myanmar မှ .mm Domain သုံးစွဲသူ customer များအတွက်

World Wide Myanmar မှ .mm Domain သုံးစွဲသူ customer များအတွက်

World Wide Myanmar မွ .mm Domain သုံးစြဲသူ customer မ်ားအတြက္

လေးစားအပ်ပါသော .mm Domain သုံးစွဲသူ customer များခင်ဗျာ

.mm Domain လျှောက်ထားခြင်း၊ သက်တမ်း သတ်မှတ်ခြင်း နှင့် သက်တမ်းတိုးခြင်း များအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အခါအားလျော်စွာ ပြောင်းလဲထုတ်ပြန်နေသော စည်းမျဉ်းများအား မိမိတို့ ၏ မိတ်ဟောင်းမိတ်သစ်များ သိရှိနိုင်ပါရန် အကြောင်းကြားအပ်ပါသည်။

.mm Domain တစ်ခု လျောက်ထားခြင်း နှင့် သက်တမ်းသတ်မှတ်ခြင်း

လတစ်လ ၏ မည်သည့် နေရက်တွင်မဆို လျှောက်ထားလာသော .mm Domain အား အဆိုပါလတွင် စတင်သုံးစွဲသည်ဟုသတ်မှတ်ပြီး လာမည့်နှစ်၏ အဆိုပါလ မတိုင်မှီ တစ်လ၏ လကုန်တွင် အဆိုပါ သုံးစွဲနေသော .mm Domain ၏ သက်တမ်း တစ်နှစ်ပြည့်သည်။ ဥပမာ- ၂၀၁၃- မတ်လ- ၂၀ ရက်နေ့တွင် လျှောက်ထားလာသော .mm Domain သည် ၂၀၁၆- ဖေဖော်ဝါရီလ အကုန်တွင် သက်တမ်းပြည့်သည်။

သက်တမ်းတိုးခြင်း

သက်တမ်းပြည့်သွားသော .mm Domain တစ်ခု အား သက်တမ်းတိုးလိုပါက အဆိုပါ သက်တမ်းမကုန်ဆုံးမှီ နောက်ဆုံးလ၏ လကုန်ရက်မတိုင်မှီတစ်ပတ်အလိုတွင် WWM သို့မဟုတ် သက်ဆိုင်ရာ Reseller များထံတွင် သွားရောက်ငွေသွင်းရန် မိမိတို့ WWM မှ မိတ်ဟောင်းမိတ်သစ်အားလုံးအား တိုက်တွန်းလိုပါသည်။ ဥမာ- ဖေဖေါ်ဝါရီလကုန် တွင် သက်တမ်းပြည့်မည့် .mm Domain အတွက် သက်တမ်းတိုးလိုပါက ဖေဖော်ဝါရီ ၂၁ရက်နေ့ထက်နောက်မကျပဲ ငွေသွင်းရန် တိုက်တွန်းအပ်ပါသည်။

ယာယီပိတ်ခြင်း

အဆိုပါ သက်တမ်းပြည့်လ၏ လကုန်သည်အထိ ငွေမသွင်းသော .mm Domain အား ယာယီပိတ်ခြင်း ပြုလုပ်မည်ဖြစ်သည်။ ဥပမာ- ဖေဖေါ်ဝါရီလကုန်လျင် သက်တမ်းပြည့်မည့် .mm Domain အား ဖေဖေါ်ဝါရီလ ကုန်သည့်နေ့အထိ သက်တမ်းတိုးအတွက် ငွေပေးသွင်းခြင်းမရှိသော .mm Domain မျာအား ယာယီပိတ်ပင်သွားမည်ဖြစ်သည်။

အပြီးပိတ်ခြင်း

အဆိုပါယာယီပတ်ပင်ခြင်း ခံထားရသော .mm Domain အား တစ်လအတွင်း သက်တမ်းတိုး ငွေမသွင်းခဲ့ပါက အပြီးပိတ်ပင်ခြင်းခံရမည်ဖြစ်သည်။ ဥပမာ- ဖေဖေါ်ဝါရီလကုန်လျင် သက်တမ်းပြည့်မည့် .mm Domain အား မတ်လ ကုန်သည့်နေ့အထိ သက်တမ်းတိုးအတွက် ငွေပေးသွင်းခြင်းမရှိပါက အပြီးပိတ်သိမ်းသွားမည်ဖြစ်သည်။

သတိပေး တိုက်တွန်းချက်

အထက်တွင် ဖော်ပြသကဲ့သို့ မိမိတို့၏ .mm Domain ယာယီပိတ်သိမ်းခြင်း ( သို့ ) အပြီးပိတ်ပင်ခြင်းခံရပါက အဆိုပါ .mm Domain နှင့် ဆက်စပ်သုံးစွဲနေသော Email နှင့် Website များ အလုပ်လုပ်နိုင်တော့မဟုတ်ပါကြောင်း နှင့် ထိုကဲ့သို့ မဖြစ်စေရန်အတွက် အချိန်မှီ ငွေပေးသွင်းနိုင်ကြပါရန် မိမိတို့ WWM မှ အသိပေးတိုက်တွန်းအပ်ပါသည်။

စည်းမျဉ်းစည်းကမ်းများ မကြာခဏပြောင်းလဲမှုကြောင့် အဆင်မပြေဖြစ်ခဲ့ကြရသော .mm Domain သုံးစွဲသူ မိတ်ဆွေများအား မိမိတို့ WWM မှ အနူးအညွှတ် တောင်းပန်အပ်ပါသည်။

 

Dear Valued Partner and Customer,

 

It has always been a great pleasure to cooperate with you in domain business. Recently, there are some changes in Myanmar Post and Telecommunication (MPT) Policy regarding to the .mm domain which we would like you to be aware are listed as below.

 

  1. Domain Registration and Expiration

Life of the domain is based on the month of the domain has registered rather than the day. Domain will be expired on the last day of a month (Month before you actually registered).

For example- If you registered a new domain on 5-MAR-2016, expire date will be last day of February.

 

  1. Domain Renewal

We would like to recommend you to renew domains in the last week of the last month before expire date. For example – if your domains expire last week of February, we highly encourage you to renew not later than 21st February to avoid unexpected suspension and consequences.

 

  1. Renewal Grace Period

Domain will be suspended if there is no renewal make in time.

 

  1. Redemption Grace Period

Suspended domains need to be renew within one month after expire date or it will be completely deleted.

 

Attention

Suspended or Deleted domains will not be able to use Email Service and Web Site Service. To avoid such occurrence, we highly request and recommend renewing domains in time.

 

 

World Wide Myanmar (WWM) Co., Ltd.