Free Call
+95 9 450043919

DBA and system administrator အတွက် MySQLTuner

DBA and system administrator အတွက် MySQLTuner

MySQLTuner

MySQLTuner

Unix/Linux based operating system များအတွက် MySQL configuration တွေအတွက် အကောင်းဆုံး recommendations တွေကိုပေးနိုင်မှာဖြစ်ပါတယ်။ DBA သို့မဟုတ် system administrator အတွက် အကောင်းဆုံး လက်ဆွဲ script လေးပေါ့။ perl နဲ့ရေးထားတာ ဖြစ်ပြီး အသုံးပြုရတာလည်း လွယ်ကူပါတယ်။

Server တစ်ခုမှာ Database ကို Stable ဖြစ်အောင်ထိန်းနိုင်မှသာ မလိုအပ်တဲ့ CPU/RAM usage လေလွင့်မူ့ကို ထိန်းနိုင်မှာဖြစ်သလို၊ မှန်ကန်ကောင်းမွန်တဲ့ DB Configuration တွေက Stable အဖြစ်ဆုံး server တစ်ခုကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

Database Load များတဲ့အချိန် (Misconfiguration ပေါ့) မှာ Server ရဲ့ Database Service က ရံဖန်ရံခါ auto restart ဖြစ်တာတွေ၊ shutdown ဖြစ်သွားတာတွေ ကြုံရတတ်ပါတယ်။

Dedicated Server တွေ၊ VPS Server တွေအတွက် အသုံးပြုကြပါတယ်။

Install လုပ်ရတာတော့ လွယ်ပါတယ်။

wget http://mysqltuner.pl/ -O mysqltuner.pl

ဆိုပြီး download ချယူပြီးတော့ run လည်းရပါတယ်။

execute bit အဖြစ်

chmod +x mysqltuner.pl

run မယ်ဆိုရင် တိုက်ရိုက် mysqltuner.pl ပဲရိုက်ထည့်ပြီး အသုံးပြုလို့ရပါတယ်။

MySQLTuner

Compatibility:

MySQL 3.23, 4.0, 4.1, 5.0, 5.1 (full support)
MySQL 5.4 (not fully tested, partially supported)
MySQL 6.0 (partial support)
MariaDB 10.x (partial support)
Perl 5.6 or later (with perl-doc package)
Unix/Linux based operating system (tested on Linux, BSD variants, and Solaris variants)
Windows is not supported at this time
Unrestricted read access to the MySQL server (OS root access recommended for MySQL < 5.0)
http://mysqltuner.com/