Free Call
+95 9 450043919

အကောင်းဆုံး Web Host Provider တစ်ခုကို ရွေးချယ်ခြင်း သို့မဟုတ် World Wide Myanmar Web Hosting

အကောင်းဆုံး Web Host Provider တစ်ခုကို ရွေးချယ်ခြင်း သို့မဟုတ် World Wide Myanmar Web Hosting


အကောင်းဆုံး Web Host Provider တစ်ခုကို ရွေးချယ်ခြင်း သို့မဟုတ် World Wide Myanmar Web Hosting

ကျွန်တော်တို့အနေနဲ့ မိမိတို့ရဲ့ Web Page ကို အင်တာနက် စာမျက်နှာမှာ လွှင့်တင်ထားနိုင်ဖို့ ယုံကြည့်စိတ်ချရတဲ့ Host Provider တစ်ခုကို ရွေးချယ်နိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ ဒီလိုရွေးချယ်တဲ့နေရာမှာ Cost, Reliability, Support ဆိုတဲ့အချက် သုံးချက်ကို အဓိက ထားပြီးဆုံးဖြတ်လေ့ရှိပါတယ်။

Cost (Value)
ဈေးနှုန်းသက်သာတဲ့ ကုန်ပစ္စည်းတစ်ခုကို ဘယ်သူမဆို ရွေးချယ်ကြတာ မဆန်းပါဘူး။ ဝယ်ယူထားပြီးမှ ဟိုအတွက် ဒီအတွက်ဆိုတဲ့ ကုန်ကျစရိတ်တွေ အများကြီးကုန်ကျသွားရင် စိတ်ညစ်စရာတွေနဲ့ အမြဲတမ်း ရင်ဆိုင်နေကြရမှာပဲ။
တစ်ချို့က VPS တစ်ခုဝယ်တယ်… ပျှမ်းမျှ တစ်လကို ဒေါ်လာ ၂၀ လောက်နဲ့ဆိုတော့ သူတို့အတွက်ပေးပျော်တယ်လို့ ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် ၄င်း VPS ကို Management လုပ်မှာဘာနဲ့ management လုပ်မှာလဲဆိုတာရှိပါသေးတယ်။ အကယ်၍ ၄င်း VPS Server က Website တွေ ပြန်လည်ခွဲထုတ်နိုင်ဖို့ thirdparty software တွေသုံးကြရပါတော့မယ်။ အခုအချိန်မှာ Web Host Manager နဲ့ပက်သက်ပြီး Linux မှာ WHM/cPanel က အကောင်းဆုံးလို့ပဲပြောချင်ပါတယ်။ ဒီအတွက် တစ်လကို ပျှမ်းမျှ ၂၅ ဒေါ်လာကုန်ကျမှာဖြစ်ပါတယ်။ ၄င်းနောက် Softaculous / RVManager /WHMXtra လိုမျိုး တွေ ထပ်ထည့်မယ်ဆိုရင် ၁၅ ဒေါ်လာလောက် ထပ်ကုန်မှာဖြစ်တဲ့အတွက် အားလုံးပေါင်းရင် ဒေါ်လာ ၆၀ လောက် တစ်လကို ထွက်နေပါလိမ့်မယ်။… တစ်ချို့က VPS တစ်လုံးကို HOME PAGE မှာဖော်ပြတဲ့ ဈေးကိုပဲမြင်ပြီးအားကျကာ Checkout လုပ်လိုက်မှ Total Cost ကိုကြည့်ပြီး ရင်လေးမိပါလိမ့်မယ်။

VPS
512 MB RAM နဲ႔ 20 GB Hard Disk      = 20 USD
WHM/cPanel for VPS        = 25 USD
Softaculous            =   3 USD
RVManager            =   6 USD
WHMXtra                =   6 USD

Dedicated အတွက် အခု ကျွန်တော်တို့ အသုံးအများဆုံး Amsterdam, Chicago & Phoenix Data Center နဲ့တွက်ကြည့်နိုင်ပါတယ်။
Business Class အတွက် Xeron Server တွေကိုပဲ သုံးရပါလိမ့်မယ်။
Quad-Core Xeon Quad-Core 3.3 GHz CPU
16 GB RAM
2×500 GB Storage
10TB Bandwidth
တွေကို $259/mo ဝန်းကျင် ရှိပါတယ်။ ဒါက Unmanaged တွေဖြစ်တဲ့အတွက် လိုအပ်တဲ့ WHM/cPanel / SSL Certificate နဲ့ အခြား commercial software သွင်းဖို့လည်းလိုအပ်ပါသေးတယ်။
ဒါကြောင့် တစ်လကို ပျှမ်းမျှ ဒေါ်လာ ၃၀ဝ ကျော်လောက်တော့ ကျသင့်သွားပါလိမ့်မယ်။

Shared Hosting
ဒါကတော့ အခုအချိန်မှာ ကျွန်တော်တို့တွေ ဝယ်ယူသုံးစွဲနေကြတဲ့ Hosting ပါပဲ။ ဘယ် Hosting Provider ဆီကပဲ ဝယ်ဝယ် ဈေးနှုန်းကတော့ လက်ရှိ WWM က ရောင်းချနေတဲ့ ဈေးဝန်းကျင်ပဲဖြစ်သွားပါလိမ့်မယ် ဒေါ်လာ ၃၀ လောက်ပဲ ကျသင့်ပါလိမ့်မယ်။ သုံးရတာဘာတွေကွာလဲဆိုတော့ မိမိကိုယ်တိုင် မဝယ်ခင်မှာ ဘာတွေပါလဲဆိုတာ စုံစမ်းမေးမြန်းထားသင့်ပါတယ်။ .Net နဲ့ရေးထားတဲ့ Site ကို Linux Host မှာသွားတင်လို့လည်းမဖြစ်ဘူးလေ…

 

World Wide Myanmar : cPanel Features
World Wide Myanmar : cPanel Features

Reliability
ကျွန်တော်တို့အတွက် ထည့်သွင်းထားတဲ့ ကျွန်တော်တို့ရဲ့ Data တွေက အလွန်ကိုအရေးကြီးပါတယ်။ အကြောင်းတစ်ခုကြောင့် ပျက်စီးသွားတယ်ဆိုတာ မဖြစ်စေဖို့ အမြဲတမ်း Backup တွေ လုပ်ထားပေးရပါတယ်။ တကယ်တမ်းလည်း Server တစ်လုံးကို Server Class / Desktop Class ဆိုပြီး Hardware တွေဆင်ထားလို့ရပါတယ်။ သို့ပေမယ့် ကျွန်တော်တို့အနေနဲ့ Server Class and Premium Hardware တွေကိုပဲသုံးထားသင့်ပါတယ်။ ထို့အတူ အကြောင်းတစ်ခုခုကြောင့် Server Crash ဖြစ်ခဲ့ရင် User Data တွေမပျက်အောင် RAID တွေဆွဲထားရပါတယ်။ ဒီအကြောင်းတွေကို မိမိအသုံးပြုတဲ့ Host Provider ဆီကို မေးမြန်းထားသင့်ပါတယ်။ Server နဲ့ပက်သက်ပြီး အကြောင်းတစ်ခုခုကြောင့် ပျက်စီးခဲ့တယ်ဆိုရင် ဘယ်လောက်အထိ တာဝန်ယူပေးနိုင်မလဲဆိုတာကိုပေါ့။
Premium Host Provider တွေတော်တော်များများကတော့ Global Data Centers တွေထားသုံးကြပါတယ်။
ဥပမာ – World Wide Myanmar: Data Center 1 မှာ line failure/ hardware failure ဖြစ်ခဲ့တယ်ဆိုရင်တောင် Data Center 2 ကနေ Run နိုင်အောင် လုပ်ထားပေးရပါတယ်။ ဒါမှသာ User တွေရဲ့ Site ကို အွန်လိုင်းပေါ်က ပြတ်တောက်မူ အချိန်မကြာမြင့်အောင် စီမံပေးနိုင်မှာလည်းဖြစ်ပါတယ်။

WWM Software Backup
WWM Software Backup

Support
ဒါကတော့ အရေးကြီးဆုံးပါပဲ… ကျွန်တော်တို့ Customer တွေအနေနဲ့ Hosting ကိုအခုမှ စတင်အသုံးပြုမယ်ဆိုရင် cPanel ကိုဘယ်လိုကိုင်ရမလဲ Domain Panel ကိုဘယ်လို ကိုင်ရမလဲဆိုတာ မသိနိုင်သလို မိမိရေးဆွဲထားတဲ့ Web Page တွေကို Web Server အပေါ်ဘယ်လိုတင်ရမလဲဆိုတာတောင် မသိနိုင်ပါဘူး။ တော်တော်များများတွေ့ဖူးပါတယ်။ တစ်ချို့ Domain ဆိုတာကိုပဲသိပြီး Web hosting ဆိုတာကို နားမလည်ကြတဲ့သူတွေလည်းတော်တော်များပါတယ်။ IT Field တွေက မဟုတ်ရင် ပိုတောင် နားလည်ဖို့ခက်ပါတယ်။ ဒီလိုအချိန်မှာ Customer တွေလိုအပ်သမျှကို အချိန်နဲ့ တစ်ပြေးညီ အကူညီပေးနိုင်တဲ့ Service Provider ကိုဘယ်သူမဆိုကြိုက်နှစ်သက်ကျမှာပါပဲ။ မိမိရဲ့ Site တက်မလာဘူးဆိုရင် သာမာန် user တွေအတွက် server down တယ်လို့ပဲ သတ်မှတ်ကြပါလိမ့်မယ်။ ဒါပေမယ့် Generally အားဖြင့် Server ကျသွားတယ်ဆိုတာ တော်တော်ကိုနဲပါတယ်။ ဒီအချိန်မျိုးမှာ မိမိရဲ့ provider ကို အားမနာတမ်း ဖုန်းနဲ့ဖြစ်စေ၊ Email နဲ့ဖြစ်စေ၊ Live Support ကဖြစ်စေ complain တင်သင့်ပါတယ်။ မိမိ Complain တင်လို့မှ solution မပေးနိုင်ရင် Server ပိုင်းက Support အားနည်းတယ်လို့ပြောရပါလိမ့်မယ်။ မိမိကိုယ်တိုင်ကလည်း ဘာမှမပြောဘူးဆိုရင်တော့ မပြောတတ်ဘူးပေါ့… Customer Support ဆိုတာကလည်း ဒီနေ့ Error ဖြစ်တယ် နောက်နေ့ အထိ အကြောင်းမပြန်ဘူးဆိုရင်လည်း မဟုတ်သေးဘူးပေါ့။

Server ဒေါင်းတာမဟုတ်ရင် ဘာကြောင့်မတက်တာလဲဆိုတော့ Web Server တိုင်းမှာ Hardware Firewall and Software Firewall နှစ်ခုစလုံးဖြစ်စေ၊ အနည်းဆုံး Software Firewall တစ်ခုခံထားတတ်ပါတယ်။ ဒီအတွက် User Site ဘက်ကနေ Script software တွေတော်များများကို ပြင်လိုက် ဖျက်လိုက် သွင်းလိုက် အဆက်မပျက်လုပ်နေခဲ့မယ် Torrent and အခြား TCP/UDP Flood များတဲ့ Software/Script တွေ Run နေခဲ့မယ်ဆိုရင် Automatic ၄င်း IP ကို ပိတ်ပစ်ပါလိမ့်မယ်။ Generally အားဖြင့် ၁ ရက်ကနေ ၃ ရက်လောက် အထိ Temporary Suspend လုပ်လိုက်တာပေါ့။ ဒီအချိန်မှာ TCP error သို့မဟုတ် server not found ဆိုပြီးတော့ပဲပေါ်နေပါလိမ့်မယ်။ ဒါတွေကို Host Provider ကို Contact လုပ်ပြီး ဖြေရှင်းနိုင်ပါတယ်။