Facebook မှာ မိမိကိုဘယ်သူတွေ unfriend လုပ်ခဲ့လဲဆိုတာ သိအောင် | Get alerted when someone unfriends you on Facebook
Facebook မှာ မိမိကိုဘယ်သူတွေ unfriend လုပ်ခဲ့လဲဆိုတာ သိအောင်
Unfriend လုပ်သွားတဲ့သူတွေကိုသိအောင် Firefox browser နဲ့ Chrome browser အတွက် နှစ်ခု စလုံး support လုပ်တဲ့ plugins လေးတစ်ခု share လိုက်ပါတယ်။ ထွေထွေထူးထူးလုပ်စရာတော့မရှိပါ ၄င်း plugin ကိုသွင်းလိုက်တာနဲ့ မိမိရဲ့ profile friends ဆိုတဲ့အထဲမှာ “Lost Friends” ဆိုတာလေး ပေါ်နေပါလိမ့်မယ်။ plugin active လုပ်ပြီး unfriend လုပ်တဲ့သူတွေကို မှတ်သွားပါလိမ့်မယ်။
http://howto.cnet.com/8301-11310_39-57617131-285/get-alerted-when-someone-unfriends-you-on-facebook/
မှာတင်ထားတဲ့ Post လေးကို စမ်းသပ်ပြီး share လိုက်ပါတယ်။
အကောင်းဆုံး Web Host Provider တစ်ခုကို ရွေးချယ်ခြင်း သို့မဟုတ် World Wide Myanmar Web Hosting
အကောင်းဆုံး Web Host Provider တစ်ခုကို ရွေးချယ်ခြင်း သို့မဟုတ် World Wide Myanmar Web Hosting
ကျွန်တော်တို့အနေနဲ့ မိမိတို့ရဲ့ Web Page ကို အင်တာနက် စာမျက်နှာမှာ လွှင့်တင်ထားနိုင်ဖို့ ယုံကြည့်စိတ်ချရတဲ့ Host Provider တစ်ခုကို ရွေးချယ်နိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ ဒီလိုရွေးချယ်တဲ့နေရာမှာ Cost, Reliability, Support ဆိုတဲ့အချက် သုံးချက်ကို အဓိက ထားပြီးဆုံးဖြတ်လေ့ရှိပါတယ်။
Cost (Value)
ဈေးနှုန်းသက်သာတဲ့ ကုန်ပစ္စည်းတစ်ခုကို ဘယ်သူမဆို ရွေးချယ်ကြတာ မဆန်းပါဘူး။ ဝယ်ယူထားပြီးမှ ဟိုအတွက် ဒီအတွက်ဆိုတဲ့ ကုန်ကျစရိတ်တွေ အများကြီးကုန်ကျသွားရင် စိတ်ညစ်စရာတွေနဲ့ အမြဲတမ်း ရင်ဆိုင်နေကြရမှာပဲ။
တစ်ချို့က VPS တစ်ခုဝယ်တယ်… ပျှမ်းမျှ တစ်လကို ဒေါ်လာ ၂၀ လောက်နဲ့ဆိုတော့ သူတို့အတွက်ပေးပျော်တယ်လို့ ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် ၄င်း VPS ကို Management လုပ်မှာဘာနဲ့ management လုပ်မှာလဲဆိုတာရှိပါသေးတယ်။ အကယ်၍ ၄င်း VPS Server က Website တွေ ပြန်လည်ခွဲထုတ်နိုင်ဖို့ thirdparty software တွေသုံးကြရပါတော့မယ်။ အခုအချိန်မှာ Web Host Manager နဲ့ပက်သက်ပြီး Linux မှာ WHM/cPanel က အကောင်းဆုံးလို့ပဲပြောချင်ပါတယ်။ ဒီအတွက် တစ်လကို ပျှမ်းမျှ ၂၅ ဒေါ်လာကုန်ကျမှာဖြစ်ပါတယ်။ ၄င်းနောက် Softaculous / RVManager /WHMXtra လိုမျိုး တွေ ထပ်ထည့်မယ်ဆိုရင် ၁၅ ဒေါ်လာလောက် ထပ်ကုန်မှာဖြစ်တဲ့အတွက် အားလုံးပေါင်းရင် ဒေါ်လာ ၆၀ လောက် တစ်လကို ထွက်နေပါလိမ့်မယ်။… တစ်ချို့က VPS တစ်လုံးကို HOME PAGE မှာဖော်ပြတဲ့ ဈေးကိုပဲမြင်ပြီးအားကျကာ Checkout လုပ်လိုက်မှ Total Cost ကိုကြည့်ပြီး ရင်လေးမိပါလိမ့်မယ်။
VPS
512 MB RAM နဲ႔ 20 GB Hard Disk = 20 USD
WHM/cPanel for VPS = 25 USD
Softaculous = 3 USD
RVManager = 6 USD
WHMXtra = 6 USD
Dedicated အတွက် အခု ကျွန်တော်တို့ အသုံးအများဆုံး Amsterdam, Chicago & Phoenix Data Center နဲ့တွက်ကြည့်နိုင်ပါတယ်။
Business Class အတွက် Xeron Server တွေကိုပဲ သုံးရပါလိမ့်မယ်။
Quad-Core Xeon Quad-Core 3.3 GHz CPU
16 GB RAM
2×500 GB Storage
10TB Bandwidth
တွေကို $259/mo ဝန်းကျင် ရှိပါတယ်။ ဒါက Unmanaged တွေဖြစ်တဲ့အတွက် လိုအပ်တဲ့ WHM/cPanel / SSL Certificate နဲ့ အခြား commercial software သွင်းဖို့လည်းလိုအပ်ပါသေးတယ်။
ဒါကြောင့် တစ်လကို ပျှမ်းမျှ ဒေါ်လာ ၃၀ဝ ကျော်လောက်တော့ ကျသင့်သွားပါလိမ့်မယ်။
Shared Hosting
ဒါကတော့ အခုအချိန်မှာ ကျွန်တော်တို့တွေ ဝယ်ယူသုံးစွဲနေကြတဲ့ Hosting ပါပဲ။ ဘယ် Hosting Provider ဆီကပဲ ဝယ်ဝယ် ဈေးနှုန်းကတော့ လက်ရှိ WWM က ရောင်းချနေတဲ့ ဈေးဝန်းကျင်ပဲဖြစ်သွားပါလိမ့်မယ် ဒေါ်လာ ၃၀ လောက်ပဲ ကျသင့်ပါလိမ့်မယ်။ သုံးရတာဘာတွေကွာလဲဆိုတော့ မိမိကိုယ်တိုင် မဝယ်ခင်မှာ ဘာတွေပါလဲဆိုတာ စုံစမ်းမေးမြန်းထားသင့်ပါတယ်။ .Net နဲ့ရေးထားတဲ့ Site ကို Linux Host မှာသွားတင်လို့လည်းမဖြစ်ဘူးလေ…

Reliability
ကျွန်တော်တို့အတွက် ထည့်သွင်းထားတဲ့ ကျွန်တော်တို့ရဲ့ Data တွေက အလွန်ကိုအရေးကြီးပါတယ်။ အကြောင်းတစ်ခုကြောင့် ပျက်စီးသွားတယ်ဆိုတာ မဖြစ်စေဖို့ အမြဲတမ်း Backup တွေ လုပ်ထားပေးရပါတယ်။ တကယ်တမ်းလည်း Server တစ်လုံးကို Server Class / Desktop Class ဆိုပြီး Hardware တွေဆင်ထားလို့ရပါတယ်။ သို့ပေမယ့် ကျွန်တော်တို့အနေနဲ့ Server Class and Premium Hardware တွေကိုပဲသုံးထားသင့်ပါတယ်။ ထို့အတူ အကြောင်းတစ်ခုခုကြောင့် Server Crash ဖြစ်ခဲ့ရင် User Data တွေမပျက်အောင် RAID တွေဆွဲထားရပါတယ်။ ဒီအကြောင်းတွေကို မိမိအသုံးပြုတဲ့ Host Provider ဆီကို မေးမြန်းထားသင့်ပါတယ်။ Server နဲ့ပက်သက်ပြီး အကြောင်းတစ်ခုခုကြောင့် ပျက်စီးခဲ့တယ်ဆိုရင် ဘယ်လောက်အထိ တာဝန်ယူပေးနိုင်မလဲဆိုတာကိုပေါ့။
Premium Host Provider တွေတော်တော်များများကတော့ Global Data Centers တွေထားသုံးကြပါတယ်။
ဥပမာ – World Wide Myanmar: Data Center 1 မှာ line failure/ hardware failure ဖြစ်ခဲ့တယ်ဆိုရင်တောင် Data Center 2 ကနေ Run နိုင်အောင် လုပ်ထားပေးရပါတယ်။ ဒါမှသာ User တွေရဲ့ Site ကို အွန်လိုင်းပေါ်က ပြတ်တောက်မူ အချိန်မကြာမြင့်အောင် စီမံပေးနိုင်မှာလည်းဖြစ်ပါတယ်။

Support
ဒါကတော့ အရေးကြီးဆုံးပါပဲ… ကျွန်တော်တို့ Customer တွေအနေနဲ့ Hosting ကိုအခုမှ စတင်အသုံးပြုမယ်ဆိုရင် cPanel ကိုဘယ်လိုကိုင်ရမလဲ Domain Panel ကိုဘယ်လို ကိုင်ရမလဲဆိုတာ မသိနိုင်သလို မိမိရေးဆွဲထားတဲ့ Web Page တွေကို Web Server အပေါ်ဘယ်လိုတင်ရမလဲဆိုတာတောင် မသိနိုင်ပါဘူး။ တော်တော်များများတွေ့ဖူးပါတယ်။ တစ်ချို့ Domain ဆိုတာကိုပဲသိပြီး Web hosting ဆိုတာကို နားမလည်ကြတဲ့သူတွေလည်းတော်တော်များပါတယ်။ IT Field တွေက မဟုတ်ရင် ပိုတောင် နားလည်ဖို့ခက်ပါတယ်။ ဒီလိုအချိန်မှာ Customer တွေလိုအပ်သမျှကို အချိန်နဲ့ တစ်ပြေးညီ အကူညီပေးနိုင်တဲ့ Service Provider ကိုဘယ်သူမဆိုကြိုက်နှစ်သက်ကျမှာပါပဲ။ မိမိရဲ့ Site တက်မလာဘူးဆိုရင် သာမာန် user တွေအတွက် server down တယ်လို့ပဲ သတ်မှတ်ကြပါလိမ့်မယ်။ ဒါပေမယ့် Generally အားဖြင့် Server ကျသွားတယ်ဆိုတာ တော်တော်ကိုနဲပါတယ်။ ဒီအချိန်မျိုးမှာ မိမိရဲ့ provider ကို အားမနာတမ်း ဖုန်းနဲ့ဖြစ်စေ၊ Email နဲ့ဖြစ်စေ၊ Live Support ကဖြစ်စေ complain တင်သင့်ပါတယ်။ မိမိ Complain တင်လို့မှ solution မပေးနိုင်ရင် Server ပိုင်းက Support အားနည်းတယ်လို့ပြောရပါလိမ့်မယ်။ မိမိကိုယ်တိုင်ကလည်း ဘာမှမပြောဘူးဆိုရင်တော့ မပြောတတ်ဘူးပေါ့… Customer Support ဆိုတာကလည်း ဒီနေ့ Error ဖြစ်တယ် နောက်နေ့ အထိ အကြောင်းမပြန်ဘူးဆိုရင်လည်း မဟုတ်သေးဘူးပေါ့။
Server ဒေါင်းတာမဟုတ်ရင် ဘာကြောင့်မတက်တာလဲဆိုတော့ Web Server တိုင်းမှာ Hardware Firewall and Software Firewall နှစ်ခုစလုံးဖြစ်စေ၊ အနည်းဆုံး Software Firewall တစ်ခုခံထားတတ်ပါတယ်။ ဒီအတွက် User Site ဘက်ကနေ Script software တွေတော်များများကို ပြင်လိုက် ဖျက်လိုက် သွင်းလိုက် အဆက်မပျက်လုပ်နေခဲ့မယ် Torrent and အခြား TCP/UDP Flood များတဲ့ Software/Script တွေ Run နေခဲ့မယ်ဆိုရင် Automatic ၄င်း IP ကို ပိတ်ပစ်ပါလိမ့်မယ်။ Generally အားဖြင့် ၁ ရက်ကနေ ၃ ရက်လောက် အထိ Temporary Suspend လုပ်လိုက်တာပေါ့။ ဒီအချိန်မှာ TCP error သို့မဟုတ် server not found ဆိုပြီးတော့ပဲပေါ်နေပါလိမ့်မယ်။ ဒါတွေကို Host Provider ကို Contact လုပ်ပြီး ဖြေရှင်းနိုင်ပါတယ်။
World Wide Myanmar မှ Domain and Hosting များကို ဝယ်ယူလိုလျှင်
World Wide Myanmar မှ Domain နှင့် Web Hosting များကိုဝယ်ယူရာတွင်
World Wide Myanmar မှ Domain နှင့် Web Hosting များကိုဝယ်ယူရာတွင် ဘဏ်က ငွေလွှဲ၍ဖြစ်စေ Online မှ တစ်ဆင့်ဝယ်ယူလိုသူများအနေနဲ့ MyanPay Online Payment System ကိုအသုံးပြု၍ ဖြစ်စေ အလွယ်တကူဝယ်ယူနိုင်ပါသည်။ ထိုသို့ဝယ်ယူရာတွင် မိမိဝယ်ယူလိုသော Domain သို့မဟုတ် Web Hosting များ ရှိ သက်ဆိုင်ရာ add to Cart button အားနိုပ်၍ checkout လုပ်နိုင်သည်။
Domain ဝယ်ယူရာတွင် https://www.worldwidemyanmar.com/members/domainchecker.php သို့သွားရောက်၍ မိမိအလိုရှိသော Domain အမည်ကို ရိုက်ထည့်ကာ စစ်ဆေးနိုင်ပါသည်။ အကယ်၍ Domain Available ဖြစ်ပါက မိမိဒိုမိန်း result ဘေးနားတွင် Add to cart ဆိုတဲ့ button ပေါ်လာမှာဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်များကို [email protected] သို့မဟုတ် 09450043919 သို့ ဆက်သွယ်စုံစမ်းနိုင်သည်။
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်းဆိုရာတွင် မိမိရဲ့ blogspot.com က လိပ်စာ နဲ့ မိမိ ဝယ်ယူထားတဲ့ Domain Name ကို ချိတ်ဆက်ပြီး yourdomainname.blogspot.com အစား yourdomainname.com ဆိုတဲ့ လိပ်စာကို ပြောင်းလဲအသုံးပြုခြင်းပါပဲ။
ဒီနေရာမှာ အပိုင်း ၄ ခုလောက် ခွဲပြီးအဆင့်လိုက်လုပ်ဆောင်ပြသွားပါမယ်။
၁။ Blogger တွင် Custom Domain ထည့်သွင်းခြင်း။
၂။ Domain ပိုဆိုင်မူ စိစစ်ရန် Token ရယူခြင်း (Ownership verification token)
၃။ DNS (Domain Name System) ပြောင်းလဲခြင်း။
၄။ Ownership အား Verify လုပ်ခြင်း
တို့ဖြစ်ကြပါတယ်။
၁။ Blogger တွင် Custom Domain ထည့်သွင်းခြင်း။
မိမိမှာ blogspot ရှိတယ်ဆိုရင် ပထမဦးစွာ http://www.blogger.com/ ထဲကို ဝင်လိုက်တာနဲ့ မိမိရဲ့ blogspot site က ပေါ်နေပါလိမ့်မယ်… ပုံမှာပြထားတဲ့ အတိုင်း Setting > Basic ဆိုတဲ့အထဲကိုသွားပါ။
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း
Publishing ရဲ့ အောက်နားမှာ Add Custom Domain ဆိုတာကို ရွေးချယ်လိုက်ပါ။
ပြီးရင် Advanced settings ဆိုတဲ့အထဲကို ရောက်သွားပါလိမ့်မယ်။
ပုံမှာဖော်ပြထားတဲ့အတိုင်း မိမိဝယ်ယူထားတဲ့ Domain name ကိုရိုက်ထည့်ပြီး Save ကိုနိုပ်လိုက်ပါ။
“We have not been able to verify your authority to this domain. Error 12. Please follow the settings instructions.” ဆိုတဲ့ error ထွက်လာပါလိမ့်မယ်။
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း
၂။ Domain ပိုဆိုင်မူ စိစစ်ရန် Token ရယူခြင်း (Ownership verification token)
စောစောတုန်းက အဆင့် ၁ မှာ ပြခဲ့သလို Custom Domain ရယူပြီးတဲ့အချိန်မှာ Save Button နိုပ်ရင် Error Code နဲ့အတူ CNAME ၂ ခုထွက်လာသလို အဲ့လိုမှမဟုတ်ရင် Settings Instructions ဆိုတဲ့နေရာမှာ နိုပ်ရင်လည်း အောက်ပါပုံမှာ ပြထားသလို CNAME ၂ ခုကို ရယူနိုင်ပါတယ်။
Point လုပ်ရန် CNAME နှစ်ခုထွက်လာပါလိမ့်မယ်။
1. www ဆိုတဲ့ “name/label/host” ဆိုတဲ့ တစ်ခုနဲ့ “Address/Destination/Target” က ghs.google.com ဆိုပြီးဖြစ်ပါတယ်။
2. နောက်တစ်ခုကတော့ verification code ဖြစ်ပါတယ်။ သူကတော့ တစ်ဦးနဲ့တစ်ဦးတူမှာမဟုတ်ပါဘူး
ဥပမာ – “name/label/host” ဆိုတဲ့နေရာမှာ SFEFA52A22 ဆိုပြီးဖြစ်နိုင်ပြီး “Address/Destination/Target” က gv-HRAABJZSDDD33D2DD2DLNUYTDU2.MA.domainverify.googlehosted.com. ဆိုပြီးဖြစ်ပါတယ်။
အထက်ဖော်ပြပါ CNAME နှစ်ခုစလုံးကို မှတ်သားထားဖို့လိုပါတယ်။
နောက်တစ်ခုက အကယ်၍ User တွေက မိမိရဲ့ domain ကို www မရိုက်ထည့်ပဲ ဝင်ခဲ့မယ်ဆိုရင် error တွေကျလာတတ်ပါတယ်.. အဲ့အတွက် “A Records” ၄ ခုလည်း မှတ်သားထားရန်လိုပါတယ်။
216.239.32.21
216.239.34.21
216.239.36.21
216.239.38.21
တွေဖြစ်ပါတယ်။
၃။ DNS (Domain Name System) ပြောင်းလဲခြင်း။
မိမိရဲ့ ဒိုမိန်း Control Panel ထဲကို ဝင်ပါ။
CNAME နဲ့ A Record ကို ပုံမှာပြထားသည့်အတိုင်း ထည့်သွင်းရန်သာဖြစ်ပါတယ်။




၄။ Ownership အား Verify လုပ်ခြင်း
နောက်ဆုံးအဆင့်ကတော့ မိမိရဲ့ DNS မှာ စောစောတုန်းက A Record and CName တွေထည့်သွင်းပြီးလို့ နာရီဝက်ခန့်အကြာ DNS Active ဖြစ်ပါက Blogspot ထဲကိုဝင်၍
Add custom domain မှနေ၍ မိမိရဲ့ domain အမည်ကို (e.g www.yourdomainname.com) ဟူ၍ ရိုက်ထည့်ပြီး Save လုပ်လိုက်ရင် ရပါပြီ။
- « Previous
- 1
- 2
- 3
- 4
- Next »














