Free Call
+95 9 450043919

Myanmar Payment Union (MPU) Card များဖြင့် Domain, Web Hosting, Servers, Services များကို ဝယ်ယူခြင်း။

Myanmar Payment Union (MPU) Card များဖြင့် Domain, Web Hosting, Servers, Services များကို ဝယ်ယူခြင်း။

World Wide Myanmar (WWM) Co., Ltd. မှ Domain, Web Hosting, Servers, Services များကို Paypal နှင့် Bank Transfer တို့အပြင် MPU ကဒ်ဖြင့် တိုက်ရိုက်ငွေပေးချေ ဝယ်ယူနိုင်ရန် ထည့်သွင်းထားပါတယ်။

မိမိ ဝယ်ယူလိုသော Domain, Web Hosting, Servers, Services ရွေးခြင်းခြင်း
ဥပမာ – WWM Host Diamond

WWM Shared Web Hosting : Myanmar Payment Union (MPU)

Hosting Package ရွေးပြီးလျှင်

နောက်တစ်ခု Domain ရွေးချယ်ရန်ဖြစ်ပါတယ်။

choose a domain

Choose a Domain… မှာ ၃ မျိုးရှိပြီးတော့
1. Register a new domain – ဒိုမိန်းအသစ်ဝယ်ယူရန်
2. Transfer your domain from another registrar – ရှိထားပြီးသား ဒိုမိန်းအား WWM ၏ Domain Control ဖြင့် Registerant ပြောင်းလဲရန်
3. I will use my existing domain and update my nameservers – ရှိထားပြီးသား ဒိုမိန်းအား WWM ၏ Server အား ညွန်းရန် (default is : ns1.worldwidemyanmar.com and ns2.worldwidemyanmar.com)

Review & Checkout အပိုင်းမှာတော့ မိမိမှာယူထားတဲ့ Services များကို စစ်ဆေးနိုင်ရန်ဖြစ်ပါတယ်။

WWM Checkout

သေချာပြီဆိုရင်တော့ Checkout လုပ်ရုံပါပဲ။

Checkout လုပ်ပြီး နောက်တစ်ဆင့်မှာ User အချက်အလက် အသေးစိတ်ကို ဖော်ပြပေးမှာဖြစ်ပြီး Login မဝင်ရသေးရင်တော့ Email and Password တို့ဖြင့် Login ဝင်ရောက်ရမှာဖြစ်ပါတယ်။
၄င်း အောက်နားမှာ Payment Details ဆိုတာ ရှိပါတယ်။

WWM User Detail

Bank Transfer
PayPal
MPU Gateway ဆိုပြီး ၃ ခုရှိပါတယ်။
Visa/Master Card တိုက်ရိုက် ပေးချေမူကိုတော့ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

MPU Payment ကို ရွေးချယ်လိုက်တယ်ဆိုရင် Compete Order လုပ်ရုံပါပဲ။ Terms of Service ဆိုတာကိုတော့ အမှန်ခြစ်ဖို့ လိုပါတယ်။

MPU Payment redirect

ဒါဆိုရင် Myanmar Payment Union ရဲ့ Official payment link ကိုရောက်သွားမှာဖြစ်ပါတယ်။

MPU Payment Info

Merchant Name : World Wide Myanmar (WWM) Co., Ltd.

Amount : xxxxx.xx MMK မှာ မိမိဝယ်ယူထားတဲ့ ကုန်ပစ္စည်းတန်ဖိုး ဟုတ်မဟုတ် ထပ်မံစစ်ဆေးနိုင်ပါတယ်။
မိမိရဲ့ MPU Card number နဲ့ Expire Date တို့ကို ရိုက်ထည့်ပြီး OTP (One-time password) ကို request လုပ်နိုင်ပါတယ်။ otp ကတော့ မိမိ mpu card လုပ်စဉ်ကတည်းက ပေးထားခဲ့တဲ့ contact/mail ကိုပို့ပေးပါလိမ့်မယ်။

ပြီးတာနဲ့ MPU Payment Result ကိုဖော်ပြပေးပါလိမ့်မယ်။

MPU Payment Result

Payment Complete ဖြစ်ပြီဆိုတာနဲ့ ဖြစ်တဲ့အတွက် မိမိရဲ့ Web Hosting တွေကို အသုံးပြုနိုင်ပါပြီ။MPU Order Confirmation