iHome Services CO., Ltd မှ ကြီးမှုး၍ မြန်မာနိုင်ငံတွင် ပထမဦးဆုံးစုစည်းမှုအဖြစ် The 1st Myanmar E-Commerce Business & Family Trade Fair (2014) အား ၃၀.၅.၂၀၁၄ မှ ၁.၆.၂၀၁၄ ရက်အထိ MCC ခန်းမကြီးတွင်   ၃  ရက်တိုင်တိုင်  စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အွန်လိုင်းလုပ်ငန်းများ အခြားစီးပွားရေးလုပ်ငန်းရှင်ကြီးများလည်း SiHome ervices Co., Ltd. နှင့် အတူတကွ ပူးပေါင်းပါဝင်ပြသခဲ့ကြပါသည်။ ယခုအခါတွင်  iHome Services Co., Ltd. သည်  အိမ် ၊ ခြံ ၊ မြေ  ဝန်ဆောင်မှုလုပ်ငန်းနှင့်  တိုးတက်လာသော  ခေတ်နှင့်အညီ စီးပွားရေးလုပ်ငန်းများကို  အွန်လိုင်းဈေးကွက်တွင် ထိုးဖောက်လာနိုင်ရန်အတွက် E-commerce Business တစ်ခု အဖြစ်ဖန်တီးပေးပြီး လုပ်ငန်းရှင်များစွာဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော Services  Company တစ်ခုအဖြစ် အောင်မြင်စွာ ရပ်တည်လျက်ရှိပါသည်။

Project Information

ထို့နောက် တိုးတက်လာသော ခေတ်ရေစီးကြောင်းနှင့် စီးပွားလုပ်ငန်းရှင်များ၏ လိုအပ်ချက်များအရ iHome Online Shopping & Advertising Services လုပ်ငန်းကိုပါတိုးချဲ့ လုပ်ကိုင်ခဲ့ကြပါသည်။ ရန်ကုန်မြို့တွင်း အိမ်အရောက်ပို့ ဝန်ဆောင်မှု နှင့် နယ်ဒေသများမှ မှာယူလျင် သက်ဆိုင်ရာအဝေးပြေးကားဂိတ်များ သို့ ပို့ဆောင်ပေးသော ဝန်ဆောင်မှုများဖြင့် ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိပါသည် ။
Relate Projects
Your may also Like this